နိုင်ငံတော်ကို ဘာသားနဲ့ထုထားတာမို့လဲ?
By Darian Worden. Original article published on March 31st 2010 with title What the State is Made of. Translated into Burmese by Hein Htet Kiaw. အခြေခံအားဖြင့် နိုင်ငံတော်သည် မိမိတို့တွင် နိုင်ငံရေးအာဏာအား ထိန်းချုပ်ခွင့်ရှိသည်ဟု ယုံကြည်စေကာ လူအများအပေါ် နိုင်ငံရေးအာဏာဖြင့် လွှမ်းမိုးသော လူအုပ်စု၏ အသုံးချခံသက်သက်သာဖြစ်သည်။ နိုင်ငံတော်တွင် ခင်ဗျားနှင့် ကျွန်ုပ်တို့တွင် မပိုင်ဆိုင်နိုင်သော အခွင့်အရေးတို့ရှိသည်။ လူထုအား ဘာလုပ်၊ ညာလုပ်ဟု ခိုင်းစေနိုင်သော အခွင့်အာဏာရှိသည်။ နိုင်ငံတော်သည် သူ၏တာဝန်ခံသူများနှင့် သူတို့နားထောင်ကြသော အင်အားကြီးအုပ်စုများ၏ အာဏာကို ထိန်းသိမ်းရန် သို့မဟုတ် ချဲ့ထွင်ရန်အလို့ငှာ ကိစ္စအဝဝကို...